วันเสาร์ที่ 31 พฤษภาคม พ.ศ. 2557

ကောင်​မ​လေး

ကောင်​မ​လေး

ကောင်​မ​လေး

ကောင်​မ​လေး

ကောင်​မ​လေး

ကေင်​မ​လေး

วันพฤหัสบดีที่ 22 พฤษภาคม พ.ศ. 2557

နင်​တစ်​​ယောက်​ထဲ

 ►► နင်တစ်ယောက်ထဲ ခံစားရတာမဟုတ်ပါဘူးလေ..... နင်တို့ မိန်းကလေးတွေကမှ .. ခံစားချက်ကို မျက်ရည်နဲ့ ဖော်ကျူးပြသခွင့်ရှိပါသေးတယ်ဟာ.... ငါ့မှာတော့..ကျခွင့်မရှိတဲ့ မျက်ရည်တွေကို ယောက်ျားတစ်ယောက်ရဲ့...မာနတွေနဲ့ ထမ်းပိုးထားရင်း... ကိုယ့်အတ္တနဲ့ ကိုယ်..စီးချင်းထိုးနေရပါတယ်ဟာ.. ကောင်မလေးရေ.. အရင်က..အလွမ်းသီချင်းတောင်နားမထောင်တတ်တဲ့ ငါ.... (နင့်ကြောင့်ရယ်လို့ တော့မစွပ်စွဲပါဘူး) အခုတော့... အဆွေးကိုယ်စားပြု........                                              အသဲကွဲကဗျာတွေဖွဲ့ သီတတ်နေပြီဟာ ◄◄

အလွမ်း

အလွမ်း....တဲ့ အနမ်းမဲ့ ကဗျာလေး ခုတော့ငိုကြွေးနေပြီ... ကောင်မလေးရေ.... နင်... နယ်မြေသစ်ရှာဖွေနေတဲ့ ငါ့အိပ်မက်တွေကို ဖဲတစ်ချပ်လိုမှောက်ပစ်ခဲ့ ကောင်းကင်ပြိုတယ်ဆိုတာဘာလဲ မီးတောင်ပေါက်ကွဲတယ်ဆိုတာဘာလဲ အဲသည်လိုနဲ့  ကောက်ရခဲ့တဲ့ကြေကွဲမှုဆီ နားရွက်တစ်ဖက်ဖြတ်ပြီး လက်ဆောင်ပေးခဲ့တယ်... ကိုယ့်ကိုကိုယ်ခြံစည်းရိုးခတ်တဲ့နှလုံးသား ခုတော့ဠင်းတစားခံရမှ စကားလုံးတွေထွက်ကျ ဖြူစင်တဲ့လွဲချော်မှုဟာလည်း တစ္ဆေအိပ်မက်လောက်မလှမှန်း ခုမှပဲသိခဲ့ရပေါ့.... မြို့ရိုးတစ်ခုလိုမခိုင်မာတဲ့ငါ့အိပ်ကပ်ကို အသဲနှလုံးပျောက်ရှမှုတရားခံအဖြစ် အန္ဓတို့ရဲ့ပလ္လင်ထက်မှာ ယဇ်တင်မယ်.....                                                 

ဝှက်​ပုန်း

နောက်ဆုံးအနေနဲ့မင်းမျက်နှာလေးကို ခိုးကြည့်ခွင့်ပေးပါ အလွမ်းဆိုတာလောင်စာတစ်မျိုးပေါ့ ငါ့အိပ်မက်တွေကိုမီးထိုးပေးတဲ့ ဟိုးအဝေးကနတ်ပျိုဂီတ ဒီတစ်ညတော့အိပ်မက်တွေခိုးမက်ကြမယ်... ဟန်ဆောင်မှုဟာပူလောင်သော်ငြား စည်းတစ်ခုခြားနေမှတော့ အချစ်ဆိုတာအပြာရောင်ဓါးသွား ကိုယ့်နှလုံးသားမှာစွဲလောင်ခဲ့ ကဲပါသူငယ်ချင်းရယ် မင်းမသွားချင်ဘူးဆိုလည်း အချစ်...အလွမ်း..နှစ်ခုတည်းရှိတဲ့ ဟောဒီအဖြူရောင်ကွက်လပ်ထဲ တို့အသဲတွေကဗျာလွတ် က ကြစို့ရဲ့.. by @UC Browser

ကောင်​မ​လေး

ကောင်​မ​လေး အတွက်

ကောင်မလေးရေ...... ဘ၀ဆိုတာ ငါ့အတွက်တော့ မင်းရဲ့ချစ်ခြင်းနဲ့မှ စတင်သက်ဝင် ရှင်သန်ခွင့်ရတဲ့ ပန်းတစ်ပွင့်ပေါ့.... ဟောသည်ကမ္ဘာတစ်ဆုံး အလှဆုံး ဒီလိုစကားလုံးတွေလည်း မင်းရဲ့မူယာထဲမှာပဲ ပျောက်ဆုံးခဲ့တယ်..... ချစ်တယ်ဆိုတဲ့အသံလေး ဟောသည်အဝေးပြေးရင်ခုန်သံနဲ့ တစ်ရံခါဆီကို အချိန်ပိုနဲ့လွမ်းတယ်... အချစ်ဆိုတာ"အား" ဖြစ်စေချင်တဲ့ငါ့ဆန္ဒ တစ်ကယ်တမ်းကျတော့"ဓါး" စည်းအထပ်ထပ်ကြားမှာ မနီးစပ်နိုင်တဲ့ဘ၀တွေလားလို့ အားငယ်စွာငိုဖူးခဲ့ပြီလေ.... မသပ်မရပ်မျှော်လင့်ချက်တွေအတွက် မင်နီတားခံရလည်း အသင်္ချေကမ္ဘာတစ်သန်းထိ မင်းမျက်နှာလေးခိုးကြည့်ပြီး မှားမှန်းသိသိနဲ့ ဆက်ချစ်သွားမယ်.... ခွင့်လွှတ်ပါကောင်မလေးရယ်.. by @UC Browser

วันอังคารที่ 20 พฤษภาคม พ.ศ. 2557

ကောင်​မ​လေး

ငါရှင်​သန်​​နေတာ
မင်းကိုလွမ်းစိတ်​နဲ့

ကောင်​မ​လေး

ကောင်​မ​လေး

ကောင်​မ​လေး

ကောင်​မ​လေး

วันอาทิตย์ที่ 18 พฤษภาคม พ.ศ. 2557

ရှင်​မဟာသီလဝန်​သ ဆုံးမစာ

ရှင်မဟာသီလဝံသ ဆုံးမစာ

၁။ ငါကားသည်စာ၊ သည်ဂါထာကို မြဲစွာကြပ်မတ်၊ ဆရာအပ်သော် တတ်လှစေချင်၊ ငါ့ကိုသင်ဟု ထိပ်တွင်လည်းရွက် လျင်လျင်ရအောင် ကြိုးစားကျက်။ ၂။ အချိန်တန်၍၊ စာအံဆိုလျှင် မရွှင်မျက်နှာ၊ မသာမချို ထိုထိုအကြံ၊ ကြီးစွာဖန်၍ မအံတခါ၊ အံတခါနှင့် မျက်နှာတပါး၊ စာတခြားလည်း စကားပြောဟော၊ တသောသောသည် ရယ်မော၍လည်း မနေနဲ့။ ၃။ မပြတ်အသံ၊ တညံညံသည် စာအံစာဖတ်၊ ကြပ်ကြပ်မြဲမြဲ သည်လည်း ညသတ်၊ ပြတ်ပြတ်သားသား စကားဆိုထွေ ပီလှစေ။ ၄။ သင်ပုန်းထန်းရွက်၊ ပေထက်စီကာ ရေးသောခါလည်း အက္ခရာကို၊ သေချာလှစေ စာလုံးကိုလည်း လှလှစေ။                                   ရှင်မဟာသီလဝံသ ခက်ဆစ်အဖွင့်-- ၁။ ဂါထာ=ဆန်းကျမ်းတွင် ပြဆိုထားသည့် စည်းကမ်းတို့နှင့်အညီ ရေးစပ်ထားသော ပါဠိအစီအကုံး။ ၂။ လျင်လျင်=မြန်မြန်။ ၃။ စာအံ=စာကို နှုတ်တက်ရအောင် အခေါက်ခေါက် ဆိုသည်။ ၄။ သောသော=ဆူဆူညံညံ။ ၅။ ကြပ်ကြပ်=မြဲမြံစွာ၊ အမြဲအစွဲ၊ အခိုင်အမာ။ ၆။ သင်ပုန်း=စာရေးနိုင်အောင် ပျဉ်ပြားကို ဆေးသုတ်၍ဖြစ်စေ၊ အနက်ရောင် ကျောက်ချပ် (အသွင်ပြောင်း ကျောက်တမျိုး) ကို ဖြစ်စေ ပြုလုပ်ထားသော အချပ်။ ၇။ ထန်းရွက်=စာ သို့မဟုတ်-အမှတ်အသား တစုံတရာ ရေးသားရန် ဖြတ်ညှိပြုပြင်ထားသော ထန်းပင်၏ အရွက်။ ၈။ ပေရွက်=စာ သို့မဟုတ် အမှတ်အသား တစုံတရာ ရေးသားရန် ဖြတ်ညှိပြုပြင်ထားသော ပေပင်၏ အရွက်။

ရှင်​မဟာရဠသာရ ဆုံးမစာ

ရှင်မဟာရဋ္ဌသာရ ဆုံးမစာ

၁။ ဟုတ်သောအကြံ၊ မှန်သောအကျင့် သင့်သောအယူ၊ ဖြူသောနှလုံး သူတော်ထုံးကို စွဲသုံးသောထွေ၊ မှန်လှစေ။ ၂။ ကျိုးကြောင်းစကား၊ ပြောဆိုငြားသော် လျင်လျားဆွေးနွေး၊ ဆိုရေးလိမ္မာ ပညာရှိအား၊ ကိုယ်တိုင်သွား၍ စကားလိုက်လျော၊ စစပြော၍ နှီးနှောလေ။ ၃။ ငါ၏စိတ်တွင် ထင်၏မလွဲ၊ လိပ်ခဲတည်းလည်း ဟုတ်တည်းဧကန်၊ အားမသန်နှင့် မှန်သည်တစေ၊ မရှိချေ။ ၄။ မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို ရှာ၍မပြတ်၊ အိမ်တွင်ဖတ်။ ၅။ ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက သားမယားပင် သိမြင်ကင်းကွာ၊ မလိမ္မာလည်း စာပေစကား၊ နေ့တိုင်းကြားက ထူးခြားလိမ္မာ၊ ရှိသည်သာတည့်။ ၆။ ရင်ဝယ်ဖြစ်ငြား၊ မွေးသည့်သားကို မယ်ဘွားမိခင်၊ ဆုံးမသင်သို့ အကြင်ဆရာ၊ တို့သူငါကို လိမ္မာစေကြောင်း၊ ကောင်းပါစေလို ဆိုပါသမျှ၊ သြဝါဒကို နားမျှမထောင်၊ မကြားယောင်သို့ မောင်တို့ပြုက၊ ယခုပစ္စုပ္ပန် နောင်သံသရာ၊ ဆက်များစွာ၌ ချမ်းသာမည်ရေး၊ အလွန်ဝေးသည် သေဘေးမလွဲ၊ ဝဋ်ဆင်းရဲမှ ရွှေခဲဘယ့်နှယ်၊ အသွယ်သွယ်ကို လွှဲဖယ်ကြံစည်၊ လွတ်ပါမည်။                                      ရှင်မဟာရဋ္ဌသာရ ခက်ဆစ်အဖွင့်--- ၁။ ထုံး=လိုက်နာ စံပြုစရာနည်းလမ်း၊ အစဉ်အလာ။ ၂။ လျင်လျား=အလျင်အမြန်။ ၃။ နှီးနှော=ဆွေးနွေးသည်။ တိုင်ပင်သည်။ ၄။ လိပ်ခဲတည်းလည်း=စွဲမိစွဲရာကို မလွှတ်ပဲ တွယ်တာသောအားဖြင့်။ ၅။ ဟုတ်တည်း=ဟုတ်သည်၊ မှန်သည်။ ၆။ ဧကန်=အမှန်။ ၇။ တစေ=အမြဲ။ ၈။ သြဝါဒ=ဆုံးမစကား။ ၉။ ပစ္စုပ္ပန်=ယခု၊ မျက်မှောက်။ ၁၀။ သံသရာ=အဖန်တလဲလဲ မပြတ် ကျင်လည်ရာ ဘဝအစဉ်။ ၁၁။ ဝဋ်=ပြုမိခဲ့သော မကောင်းမှု အကျိုးကို ခံစားရခြင်း။ ၁၂။ ရွှေခဲ=ရွှေတုံး ရွှေခဲကဲ့သို့ မြတ်နိုးဖွယ်သောသား

ပျော်​ရွင်​မူ့ကင်းမဲ့​နေသလား

ပျော်ရွှင်မှု ကင်းမဲ့နေသလား ပျော်ရွှင်မှု ကင်းမဲ့ နေသလား?                                                                                                                                       သင့် ဦးနှောက်ထဲမှာ ပျော်ရွှင်စေမယ့် အာဟာရ လိုအပ်နေပါပြီ                                                                                                                                     စိတ်ခံစားမှု မကောင်း ဖြစ်နေသလား။ ဘဝမှာ ပျော်ရွှင်မှု မရှိသလို ဖြစ်နေသလား။ စိတ်ခံစားမှုလည်း ကောင်းမွန်စေပြီး ဗိုက်လည်း ချပ်ရပ် စေမယ့် မှန်ကန်တဲ့ အာဟာရတွေကို စားပေးနိုင်ဖို့ စားသင့်တဲ့ အစာတွေကို ဖော်ပြ ပေးလိုက်ပါတယ်။                            မြက်စား နွားမှ ရသည့် အမဲသားစားပါ                                                                                                                               မြက်စားနွားက ရတဲ့ အမဲသားက ကောက်နှံစာ စားတဲ့ နွားကရတဲ့ အမဲသားထက်CLA(Conjugated Linoleic Acid)  အဆင့်များများ ပါဝင်တာကြောင့် စိတ်ဖိစီးမှု ဟော်မုန်းတွေကို တွန်းလှန် ပေးနိုင်ပြီး ဝမ်းဗိုက် အဆီကို လျော့ကျစေပါတယ်။ မြက် စား အမဲသားမှာ နှလုံး ကျန်းမာစေ တဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ် အဆင့်များများ ပါဝင်တဲ့ အပြင် သံဓာတ် ပါဝင်မှုလည်း များ တာကြောင့် စိတ်ခံစားမှု ကောင်းမွန်စေကာ အာရုံစူးစိုက်နိုင်စွမ်းကိုလည်း ကောင်းမွန်စေပါတယ်။                                                                                                              အရောင်ရင့်သည့် ချောကလက်စားပါ                                                   ချောကလက်ရဲ့ အရသာဟာ စိတ်ခံစားမှုကို ကောင်းမွန်စေပေမယ့် အရောင်ရင့်တဲ့ ချောကလက်မှာ ပါတဲ့ ကိုကိုးဟာ စိတ်ခံစားမှု၊အာရုံစူးစိုက် နိုင်စွမ်းနဲ့ ဦးနှောက်ဆီသို့ သွေးစီးဆင်းမှုကို ကောင်းမွန်စေတာကြောင့် စိတ်ဓာတ် တက်ကြွမှု ဖြစ်စေပါတယ်။အမည်းရောင် ချောကလက်မှာ ပါတဲ့ ကိုကိုးဟာ ဝမ်းဗိုက်အဆီကိုပါ လျော့ကျစေပါတယ်။ ဒါပေမဲ့ တစ်နေ့ မှာ လေးထောင့် တစ်ကွက်စာ ပမာဏပဲ စားသင့်ပါတယ်။                                                                                                                          အဆီထုတ်ထားသည့် ဒိန်ချဉ်သောက်ပါ   အဆီထုတ်ထားတဲ့ ဒိန်ချဉ်မှာ ကယ်လ်စီယမ် ပါဝင်မှု မြင့်မားတာကြောင့် ဦးနှောက်ထဲရှိ စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ် အလုံအလောက် ရှိတာကြောင့် ပူပင်သောက၊စိတ်ဓာတ်ကျတာ၊စိတ်ဂနာမငြိမ်ဖြစ်တာ၊ မှတ်ဉာဏ် မကောင်းတာနဲ့ တွေးခေါ်နိုင်စွမ်း နည်းတာတွေကို လျော့ကျ စေနိုင်ပါတယ်။ဂရိဒိန်ချဉ်(Greek Yoghurt)မှာ ရိုးရိုး ဒိန်ချဉ်ထက် ပရိုတင်းဓာတ် ပိုမိုပါဝင်ပါတယ်။     ဖောလိတ်ဓာတ် ရရှိရန် ကညွတ် စားပါ                                                                          အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ထရစ်တိုဖန် ပါဝင်ပြီး ဦးနှောက်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ ဆီရိုတိုနင် အထွက်တိုးစေတဲ့ အစွမ်း ရှိပါတယ်။တခြား ဟင်းသီးဟင်းရွက်တွေထက် ကညွတ်မှာ ဖောလိတ်ဓာတ် မြင့်မားစွာ ပါဝင်တာကြောင့် စိတ်ဓာတ်ကျတာကို လျော့ကျစေ နိုင်ပါတယ်။လေ့လာမှု အရ စိတ်ဓာတ်ကျနေသူ ၅၀%မှာ ဖောလိတ် အဆင့် လျော့နည်း နေတာကို တွေ့ ရှိခဲ့ရပါတယ်။                                                                                                                                          သကြားအစား ပျားရည် ထည့်ပါ              ပျားရည်မှာ ပါတဲ့ Quercetinနဲ့ Kaempferol တို့ ဟာ ရောင်ရမ်းမှုကို လျော့ကျစေကာ ဦးနှောက် ကျန်းမာရေး ကောင်းမွန်စေပြီး စိတ်ဓာတ်ကျတာကို တွန်းလှန် နိုင်ပါတယ်။ပျားရည်ဟာ သကြားထက် သွေးတွင်း သကြားဓာတ် အပေါ် သက်ရောက်မှု နည်းစေတာကြောင့် လက်ဖက်ရည်ထဲမှာ ပျားရည် နည်းနည်းထည့် သောက်နိုင်ပါတယ်။   လိုင်ကိုပင်း ရရှိမှု အားကောင်းစေရန် ခရမ်းချဉ်သီးနှင့် သံလွင်ဆီ တွဲစားပါ       အင်တီအောက်ဆီးဒင့် လိုင်ကိုပင်း ပါဝင်မှုများတဲ့ ခရမ်းချဉ်သီးဟာ ဦးနှောက်ကို ကျန်းမာစေပြီး စိတ်ဓာတ်ကျစေတဲ့ ရောင်ရမ်းမှုကို တွန်းလှန် နိုင်ပါတယ်။လိုင်ကိုပင်းဟာ ခရမ်းချဉ်သီး အပေါ်ယံ အရေခွံထဲမှာ များများ ပါဝင်တာကြောင့် အရွက်သုပ် စားရင် ခရမ်းချဉ်သီး တစ်လုံး ထည့်ပါ။ခန္ဓာကိုယ်ဟာ ခရမ်းချဉ်သီးမှ လိုင်ကိုပင်း စုပ်ယူမှု အားကောင်း စေဖို့ သံလွင်ဆီ နည်း နည်းနဲ့ ရောပြီးစားသင့်ပါတယ်။           အုန်းသီး စားပါ                                                                                                 အုန်းသီးမှာ ပါတဲ့ အဆီဓာတ်ဟာ ဦးနှောက်ကို ကျန်းမာစေပြီး စိတ်ခံစားမှု ကောင်းစေပါတယ်။အုန်းသီးကို ကယ်လိုရီများတဲ့ သရေစာတွေထဲမှာ အဓိက တွေ့ ရတတ်တာကြောင့် အသင့်အတင့်ပဲ စားပေးသင့်ပါတယ်။                                               ကြယ်စင်                                                                                        

วันเสาร์ที่ 17 พฤษภาคม พ.ศ. 2557

ချစ်​သူနှစ်​ဦး၏အပြန်​အလှန်​​လက်​​ဆောင်​​ပေးတတ်​​စေဖို့

ချစ်သူနှစ်ဦး ၏ အပြန်အလှန် လက်ဆောင် ပေးတက်စေဖို့♥

( ကိုယ့်ကို အမြဲ သတိရနေပါ )
အလှစိုက်သစ်ပင် ———- ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
ဦးထုပ် ———- မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်
(မင်းရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်အောင် ဆုတောင်းပေးနေမယ် )
စက္ကူ ကြိုးကြာရုပ် တစ်ထောင် —– ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
စက္ကူ ရောင်စုံ ကြယ်ပွင့် တစ်ထောင်——– မိန်းကလေး မှ ယောကျာင်္းလေး သို့ လက်ဆောင်ပေးရန်
(ကိုယ့်ကိုမေ့လိုက်ပါတော့ = ချစ်သူအဖြစ်မှ ပြတ်စဲ လိုသည့်အခါ )
မီးခြစ် —– ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
ပြာခွက် —- မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်
( အနေဝေးလို့ မေ့မသွားနဲ့နော် = ရက်လရှည်များခွဲခွါရရင် )
ဒိုင်ယာရီစာအုပ် —– ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
ဘောလ်ပင် —– မိန်းကလေး မှ ယောကျာင်္းလေး သို့ လက်ဆောင်ပေးရန်
(ဂုဏ်ယူပါတယ် =ချစ်သူ၏ အောင်မြင်မှု့ တစ်ခု အတွက် )
ဓာတ်ပုံမှန်ဘောင်လှလှလေး —– ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
ဝိုင်ပုလင်း —– မိန်းကလေးမှ ယောကျာင်္းလေး သို့ လက်ဆောင်ပေးရန်
(လွမ်းခဲ့ရသမျှ မေ့ပစ်ကြစို့ =ငိုကြွေးခဲ့သော ကာလ များ ပြီးဆုံးပြီ )
လက်ကိုင်ပုဝါ —– ယောကျာင်္းလေးမှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
စားပွဲတင်ပြက္ခတိန် —– မိန်းကလေး မှယောကျာင်္းလေး သို့ လက်ဆောင်ပေးရန်
(ချစ်သူကိုစိတ်ဆိုးပြေအောင်ချော့တဲ့ အခါ )
အ၀ါရောင်ပန်းပွင့် ပန်းစည်း —-ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
သီချင်းဓာတ်ပြာ အယ်ဘမ်—– မိန်းကလေးမှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်
(ကွယ်ရာမှာ သစ္စာမ ဖောက်နဲ့နော် )
ကြည့်မှန်သေး —– ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
သော့ချိတ်လေး —– မိန်းကလေးမှယောကျာင်္လေးသို့ လက်ဆောင်ပေးရန်
( လက်ထပ်ချင်ပြီ )
လက်စွပ်တစ်ကွင်း —– ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
လက်ပတ်နာရီ —– မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်
( ကိုယ့်ကို သစ္စာမဲ့တယ်လို့ အထင်မလွဲပါနဲ့ )
နှုတ်ခမ်းနီ ဆိုးဆေး—– ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
အင်္ကျီ အ၀တ်အစား —–မိန်းကလေး မှ ယောကျာင်္းလေးသို့ လကိဆောင်ပေးရန်
(တို့နှစ်ယောက် အချစ် တည်တံ့ခိုင်မြဲ ပါစေ )
ဖဲ ကြိုးလှလှလေးချည်ထားတဲ့ပန်းစည်း —– ယောကျာင်္းလေး မှ မိန်းကလေးသို့ လက်ဆောင်ပေးရန်
ချောကလက်ဘူး —– မိန်းကလေး မှ ယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်
( ချစ်တာကို ဖွင့်ပြောဖို့ မ၀င့်မရဲဖြစ်နေရင် )
အမွှေးပွပွ ၀က်ဝံရုပ် —– ယောကျာင်္းလေး မှ မိန်းကလေးသို့လက်ဆောင်ပေးရန်
ရေမွှေး ပုလင်း —– မိန်းကလေး မှယောကျာင်္းလေးသို့ လက်ဆောင်ပေးရန်
ဒါလေးကို ဖတ်ပြီ: သူငယ်ချင်း အပေါင်းတို့လည်း ချစ်သူနဲ့
အစဉ်ပြေချောမွေ့ပါစေ လို့ ဆုတောင်း လိုက်ပါတယ်.....

ချစ်​ED

ချစ်ed

အမြဲလိုလို သတိရနေတတ်ပါတယ်
ဘာလို့လဲဆိုတော့
တခါမှ မေ့မပြစ်ခဲ့လို့ပဲပေါ့
တခုပါပဲ
မင်းကို သွားသွားမတွေးမိအောင်တော့
အရမ်းအရမ်း ကြိုးစားခဲ့ရတာပါ
ငါတို့အတွက်ကတော့
“နောင်တ” ဆိုတာ
မှားယွင်းတဲ့ အချိန်မှာ
ချစ်မိခဲ့ကြတာပါ။

လူတ​ယောက်​အတွက်

လူတစ်ယောက်အတွက်

လူတစ်ယောက်အတွက် အပြုံးဆိုတာ သူ့ကိုယ်ပေါ်မှာ ကြည့်ရအကောင်းဆုံးသောအရာ
လူတစ်ယောက်အတွက် ယုံကြည်မှုဆိုတာ သူ့ကိုယ်ပေါ်မှာ အဖိုးအတန်ဆုံးသောအရာ
လူတစ်ယောက်အတွက် မိသားစုဆိုတာ သူ့ဘဝမှာ တန်ဖိုးအရှိဆုံးသောအရာ
လူတစ်ယောက်အတွက် သူငယ်ချင်းကောင်းဆိုတာ သူ့ဘဝမှာ အရခဲဆုံးသောအရာ

မနက်လင်းတာနဲ့ ကိုယ့်ကိုယ်ကိုအပြုံးတစ်ပွင့်ပေးဖို့ မနှမြောပါနဲ့
ဘာလုပ်လုပ် ယုံကြည်မှုတွေ ကိုယ်နဲ့အတူရှိနေပါစေ
မိသားစုထမင်းဝိုင်းကို တန်ဖိုးထားပါ
သူငယ်ချင်းကောင်းတွေနဲ့ အမြဲဆက်သွယ်ပါ .

အချစ်​ရဲ့တန်​ဖို့​နောင်​တ






ခံစားဖူးလား....
ကိုယ်ကိုချစ်တယ်ပြောပြီး
တခြားတစ်ယောက်ကို ဂရုစိုက်နေတာမျိုးပေါ့..............

ကြုံဖူးလား......
ကိုယ်ကိုတွေ့မယ်ပြောပြီး
တခြားတစ်ယောက်ကို အချိန်ပေးနေတာမျိုးပေါ့.................

နာကျင်ဖူးလား.....
ကိုယ်ကို မခွဲနိုင်ဘူးပြောပြီး
တခြားတစ်ယောက်အနားကို နီးနီးကပ်ကပ်နေနေတာမျိုးပေါ့...........

ချစ်တဲ့  စိတ်နဲ့  လူတစ်ယောက်ကို အရာအားလုံးခွင့်လွှတ်နားလည်ပေးနိုင်ဖို့ ဆိုတာ.....
လွယ်ကူတဲ့  အရာတစ်ခုမဟုတ်ဘူးလေ......

ကုန်ဆုံးသွားတဲ့  အချိန်တွေက နောင်တချိန်ပြန်မရနိုင်တော့ သလို
ဘေးနားမှာရှိတဲ့  ချစ်သူကောင်းမျိုးကိုလည်း
နောင်တချိန် ဘယ်ချိန် ပြန်လိုချင်လိုချင်...မရနိုင်တော့ ဘူး.....

ပစ္စည်းတစ်ခုရဲ့တန်ဖိုးဆိုတာ....
မလိုအပ်တဲ့  အချိန် အမှိုက်ဖြစ်နေတက်သလို
အနေနီးတဲ့  အချစ်တွေကလည်း
ဂရုမစိုက်မိတဲ့  အချိန် မမြင်နိုင်တက်ကြဘူး...

ဘယ်သူတွေ ဘယ်လောက်လှလှ
ပစ္စည်းဥစ္စာတွေ ဘယ်လောက်ပေါပေါ
လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့  ကိုယ်ချစ်သူလက်ထက်
ဘယ်အရာမှ တန်ဖိုးမရှိဘူး.....
ဒီတော့ 
လက်တွဲထားပြီးသား ချစ်သူကို
ဘယ်အကြောင်းကြောင့်နဲ့ဖြစ်ဖြစ် လက်မလွှတ်မိပါစေနဲ့ နော်
အစားထိုးမရနိုင်တဲ့  နောင်တတွေထဲမှာ....
ကိုယ်ချစ်တဲ့ သူ ပါသွားတာလည်း ကြီးမားတဲ့  ဆုံးရှုံးမူ့တမျိုးမဟုတ်လား.............

လူ့ဘဝရဲ့ အကြီးဆုံး​သော အသိတရား

လူ့ဘ၀ရဲ့အကြီး​ဆုံး​သောအသိတရား
★★★ လူ့ဘ၀ဧ။်​ အကြီးမားဆုံး​သောအသိတရား ★★★

၁။ လူ့ဘ၀ဧ။်​အကြီးမားဆုံးရန်​သူသည်​မိမိကိုယ်​တိုင်​ပင်​ဖြစ် ​သည်​။

၂။လူ့ဘ၀ဧ။်​အကြီးမားဆုံးဆုံးရှုံးခြင်းသည်​ မိမိ ဧ။်​မာန​ကြောင့်​ဖြစ်​သည်​။

၃။လူ့ဘ၀ဧ။်​အကြီးမားဆုံး​သောအသိမဲ့ခြင်းသည်
မိမိကိုယ်​ကိုယ်မိမိလိမ်​ညာ​နေခြင်းဖြစ်​သည်​။

၎။လူ့ဘ၀ဧ။်​အကြီးမားဆုံး​သောဝမ်းနည်းရခြင်းသည်
မိမိဧ။်မနာလိုဝနိုစိတ်​​ကြောင့်​ဖြစ်​သည်​။

၅။လူ့ဘ၀ဧ။်​အကြီးမားဆုံး​သောမှားယွန်းမှုလုပ်​ရပ်​သည်
မိမိဧ။်​စိတ်​ဓာတ်​ကျဆင်းခြင်း​ရ​ကြောင့်​ဖြစ်​သည်​။

၆။လူ့ဘ၀ဧ။်​အကြီးမားဆုံး​သောပြစ်​မှုပြုခြင်​သည်
မိမိဧ။်​အနှိင်​ကျင့်​လို​သောစိတ်​ဓာတ်​​ကြောင့်​ဖြစ်​သည် ​။

၇။ လူ့ဘ၀ဧ။်​အကြီးမားဆုံး​သောသနားစရာ​ကောင်းခြင်းသည်
်​မိမိဧ။်​စိတ်​အားငယ်​မှုဖြစ်​သည်​။

၈။ လူ့ဘ၀ဧ။်​အကြီးမားဆုံး​​လေးစားခံရခြင်းသည်
်​မိမိဧ။်​ကြံ့ခိုင်​သည့်​စိတ်​ဓာတ်​ဖြစ်​သည်​။

၉။ လူ့ဘ၀ဧ။်​အကြီးမားဆုံး​စီးပွားပျက်​ရခြင်းသည်
မိမိဧ။်​ကိုယ်​ပိုင်​အနာဂတ်​​မျှော်​လင့်​ချက်​ကင်းမဲ့ခြ င်း​ကြောင့်​ဖြစ်​သည်​။

၁၀။ လူ့ဘ၀ဧ။်​အကြီးမားဆုံး​သောချမ်းသာရခြင်းသည်
မိမိဧ။်​ကျန်းမာ​ရေး​ကောင်းမွန်​ခြင်းဖြစ်​သည်​။

၁၁။ လူ့ဘ၀ဧ။်​အကြီးမားဆုံး​သောအ​ကြွေးသံသရာဖြစ်​ခြင်းသည်
လူမှု​ရေးအ​ကြွေးသံသရာဖြစ်​သည်​။

၁၂။ လူ့ဘ၀ဧ။်​အကြီးမားဆုံး​သောလက်​​ဆောင်​မွန်​သည်
်​မိမိဧ။်​သီးခံခွင့်​လွှတ်​တတ်​​သောစိတ်​ဓာတ်​ဖြစ်​သည်​။ 

วันศุกร์ที่ 16 พฤษภาคม พ.ศ. 2557

ဘဝ ဒသန


အောင်မြင်မှုဆိုတာထက်
လောကမှာ
အသုံးဝင်တာကပဲ
ပိုအရေးကြီးပါတယ်။

အချိန်နဲ့ မိဘမေတ္တာဟာ
အလကားရပြီး
တန်ဖိုးသိပ်ကြီးတဲ့ အရာတွေပါပဲ။

စနစ်တကျ
မှန်မှန်ကန်ကန်
သတိ ၀ီရိယနဲ့
တကယ်ကြိုးစားနေတဲ့သူအတွက်
နေ့တိုင်းဟာ
ရက်ရာဇာပါပဲ။

"စိတ်ပျက်လိုက်တာ" လို့
မပြောပါနဲ့၊
ပျက်သွားတဲ့ စိတ်ပျက်က
ဖြစ်ပြီးကတည်းက
ပျက်ပြီးနေပါပြီ။

ကိုယ်ကျင့်ကောင်းဖို့
ရိုးသားပါ။
အောင်မြင်နိုင်ဖို့
ကြိုးစားပါ။

မွဲတာဟာ
ရှက်စရာ မဟုတ်ပါဘူး။
ဒါပေမဲ့
မွဲရာက လွတ်အောင်
မလုပ်တာကတော့
ရှက်စရာပါ။

သေချာတာကတော့
သေရမယ်ဆိုတာ တစ်ခုပဲ
သေချာတယ်။

သူများဘ၀ နစ်နာမှ
ကိုယ်ကောင်းစားမယ်
ဆိုတဲ့
အောက်တန်းစားစိတ်မျိုး
ဘယ်တော့မှ
မမွေးမိပါစေနဲ့။

ကံကောင်းချင်ရင်
အမြဲတမ်း စနစ်တကျ
ကြိုတင်ပြင်ဆင်ထားပါ။

ပစ္စည်းတစ်ခု
တန်ဖိုးရှိ-မရှိ
ငွေနဲ့တိုင်းတာ သတ်မှတ်တယ်
လူတစ်ယောက်
တန်ဖိုးရှိ-မရှိ
ပညာ၊ ကိုယ်ကျင့်တရားနဲ့
တိုင်းတာ သတ်မှတ်တယ်။