วันพฤหัสบดีที่ 15 พฤษภาคม พ.ศ. 2557

ကဗျာများ

ဆောင်းနွေရိပ်
ဒီတစ်ဆောင်း
နှောင်းတော့မည်လား။

ဟောင်းရွက်ဝါကြွေ
နွေဦးလေနှင့်
သူခြွေရော့မည် စိုးထိတ်သည်...တဲ့။

နှင်းဖွေးဖွေး
ပြေးတော့မည်လား။

ရေးရေးမြူမှုန်
လေပြေသုန်လို့
နှင်းကုန်မှာကို စိုးထိတ်သည်...တဲ့။

ဆောင်းသဇင်
ပန်းတော်ဝင်ကလေး ညှိုးတော့မည်လား။

ရွှေသွင်ပိတောက်
ဒီနွေပေါက်မှာ
ထိုးဖောက်တာစူ နေတော့မည်...တဲ့။

ဆောင်းကျေးငှက်
နွေရက် ပျောက်ချင်တော့မည်လား။

နွေငှက်သာမော
ကိုဥသြက
လွမ်းသောချစ်သူ ရှာတော့မည်...တဲ့။



ပန်းအကြောင်း
ပွင့်နေသမျှ

ကြိုင်ဝေမြပန်း

တင့်ဆန်းပီတိ ဖျန်းပါ၏။

ရင့်ကြွေကျ
 
သင်္ခါရလွှမ်း
 
ပင်ပမ်းသောက နွမ်းပါဘိ။

  


အကြွေပန်း
တစ်ပွင့်တစ်ခက်
ကြွေရက်ကယ်စော

နှမြောရင်မှာ သဲနာဖြစ်မိ။

ကြွေဖို့ကြမ္မာ

ဖန်လာဒီပန်း

ပွင့်လန်းကြာကြာ
 
သာယာရနံ့ သူမပျံ့နိုင်။

ဘယ်လိုခြွေခြွေ
 
ဘယ်သို့ကြွေလဲ
 
ပွင့်နေအခိုက်
 
နှစ်ခြိုက်မြတ်နိုး
 
ဆပိုးကြင်နာ
 
ကြည်ဖြူစွာမို့
 
ညင်သာဖွဖွ
 
ရွရွထွေးပွေ့
 
မမေ့မပျောက်
 
ကောက်ကာနမ်းမြဲ
 
ရင်ခွင်ထဲဝယ် မြတ်နိုးမယ်...လို့။ ။




မိုးသို့ဆိုသောသစ္စာစကား
မှိုင်းမှိုင်းညို့ညို့

တိမ်ခိုးတို့လျှင်

မို့မို့မောက်မောက်

ဖြိုးဖျောက်ဖျောက်ဖြင့်

သွန်းပေါက်ရွာကျ

ခါတွင်မှလျှင်

နွမ်းလျရော်ရီ

လွမ်းစိတ်အီမိ

သည်းမည်းသည့်မိုး

စိုထိရင်တွင်း

မျက်ရေဆင်းလိမ့်

ဖြေခြင်းမရ

စိတ်သောကလျှင်

လွန်စွနှိပ်စက်

ဆွေးဂယက်ဖြစ်

သက်ထက်သဲညှာ

မောင့်ကလျာနှင့်

ကြန့်ကြာဝေးခြင်း

အမြန်ကင်း၍

ရင်တွင်းထပ်တူ

နီးသို့မူလျှက်

သဲသက်မြေကျ

ပေါင်းပါရစေ

မိုးရေသစ္စာ

ဖွင့်ကာနှုတ်ဟ

တိုင်တည်ပါ့မည်

ဝဿန္တမိုး သက်သေထိုး။ ။

ချစ်သူတေးချိုး လွမ်းစာမိုး။ ။

ရွာစေသွန်းဖြိုး ရွာပါမိုး။ ။

လွမ်းမျက်ရေမိုး စွေစွေဖြိုး။ ။

မင်းကြည်ညို


ဖြည့်ဆည်းမပေးနိုင်သူ
ဖြည့်ဆည်းမှု့တွေ 
မပေးနိုင်ခဲ့ဘူး..
ချစ်သူ....
အလွမ်းသက်သက်နဲ့..
အချစ်ဓာတ်ပြားဟောင်းကြီးကို...
ဖွင့်ပြရုံကလွဲလို့ 
ငါဘာတက်နိုင်ခဲ့လဲ...။
သဝန်တိုမှု့နဲ့
ချုပ်ချယ်မှု့ကလွဲလို့
ငါ...ဘာတက်နိုင်ခဲ့လဲ...။
ဆုတောင်းမှု့နဲ့..
နှစ်သိမ့်မှု့ကလွဲလို့
ငါ...ဘာတက်နိုင်ခဲလဲ...
ဒါပေမယ့်...
သေချာတယ် ချစ်သူ..
နင်က..
ငါ့နှလုံးသားရဲ့...
VIP ပါ...။


ရင်ထဲကချစ်သူစကား

အချိန်တိုင်း နင့်ကို
သတိရနေတဲ့....
ငါလေ...
အတွေးတွေနဲ့ပဲ
ပျော်ခဲ့ရပါတယ်
နင်အဝေးရောက်နေလို့ပေါ့
ချစ်သူရယ်.....
နင်ဒီလိုအချိန် ဘာတွေလုတ်နေလဲ
နင်ဒီလိုအချိန် ဘာတွေတွေးနေလဲ
တွေးရင်း
နင်ပျော်ပါစေ
ဆုတောင်းရတာလည်း
ကြာတော့...
ငါ့နှလုံးသားတောင်
ငါ့ကိုပြောနေပြီ
ပိုကိုပိုတယ်တဲ့.....။


ချစ်သူသိစေချင်....

အလွမ်းတွေနဲ့...ထက်တိုး
ရှုးခဲ့တာ...
ငါ့ဘ၀ထဲကို..
တိတ်တဆိတ် ၀င်လာတဲ့သူ့ကို
ချစ်နေမိတယ်ဆိုတာ.
ငါမညာချင်ပါဘူး...
တကယ်တော့....အချစ်ဆိုတာ..
ငါ နဲ့ နင်အကြားက
တံတိုင်းတစ်ခုသာဖြစ်နေမယ်ဆိုရင်
ငါဖြိုဖျက်နိုင်ဖို့....အင်အားမရှိမှာကို
ငါကြောက်နေမိတယ်...
နင့်ကို....
ချစ်တယ်ဆိုတာ....
ငါပြောနိုင်တဲ့..တစ်နေ့..
ငါ့တို့ကြားကတံတိုင်းလေးက
ငါတို့အတွက်....
နှစ်ယောက်ကမ္ဘာဖြစ်အောင်
ဖန်ဆင်းပေးနိုင်ပါစေလို့..
ဆုတောင်းယုံပဲ....
ငါတက်နိုင်မယ်ထင်တယ်...။

ချစ်သူထံ

ရယ်‌သံ‌​တွေပဲကြားချင်‌တယ်‌
ချစ်‌သူ...‌
‌​ကျေးဇူးပြုပီး မငိုပါနဲ့
ငါ့နှလုံးသားက
နင့်‌ရယ်‌သံ‌​တွေကြားမှာ
အသက်‌ရှင်‌‌​နေတဲ့အရာတစ်‌ခု...။
အနမ်း‌​တွေပဲ ရချင်‌တယ်‌
ချစ်‌သူ..‌
ကျေးဇူးပြုပီး အလွမ်း‌​တွေမေ‌​ပးပါနဲ့
ငါ့နှလုံးသားက
နင့်‌အနမ်း‌​တွေကြားမှာ
‌​ပျော်‌ရွှင်‌တဲ့ အရာတစ်‌ခု...။
အချစ်‌‌​တွေပဲ ရချင်‌တယ်‌ ချစ်‌သူ..
‌​ကျေးဇူးပြုပီး အမုန်း‌​တွေ မ‌​ပေးပါနဲ့..
စဉ်းစားဘူးတဲ့ အနာဂတ်‌တစ်‌ချို့
ငါ့နှလုံးသားအတွက်‌  
ဖြစ်‌မလာမှာ စိုးလို့ပါ...

ไม่มีความคิดเห็น:

แสดงความคิดเห็น