วันพฤหัสบดีที่ 15 พฤษภาคม พ.ศ. 2557

ချစ်​သူအတွက်​ကဗျာ

ချစ်သူအတွက် ကဗျာ
နှင်းတွေ ထူထူထဲထဲ ညတွေမှာ

  ရနံ့ တွေမြုံထားတတ်တဲ့ ပန်းတစ်ပွင့်လို

အလွမ်းတို့ စွတ်စိုနေရုံကလွဲရင်

ငါဟာ ဘာရနံ့ မှ ဖွင့်မပြဝံ့ခဲ့တဲ့

ပန်းရိုင်းတစ်ပွင့်ပါ ချစ်သူ♥♥♥

ခေတ်တွေ အဆက်ဆက်

လူသားတို့ လက်ဆင့်ကမ်းမွေးမြူလာခဲ့တဲ့" အချစ် "

ငါ့♥♥♥♥နှလုံးသားရဲ့ လက်ဖဝါးပေါ်မှာ

ရနံ့တွေများစွာနဲ့  ဖူးဝေ မြူးကြွ

ကောင်မလေးရေ ♥♥♥♥

ပင်လယ်ရဲ့ ရင်ဘတ်မှာ

လှေငယ်တစ်စင်း ခုတ်မောင်းသလိုမျိုး

ကမ်းမမြင် ခရီးမတွင်လည်း ချစ်တယ်♥♥♥

တကယ်တော့ ကိုယ့်အဖြစ်က

နာရီပျက်တစ်လုံးလို

အချိန်တွေကိုရူန်းမထွက်နိုင်ခဲ့ဘူးကွယ်♥♥♥

လက်တွေ့ ဘဝ ရဲ့ အပြင်ဘက်တနေရာ

အိမ်မက်တွေ ကအစုလိုက် အပြုံလိုက်ပေါ့♥♥♥

လမင်းရဲ့အဝေးမှာတော့

လင်းပဖို့ စွန့် အနေတဲ့ ကြယ်ပွင့်လေး

မေးခွန်းတွေ ထဲ မေ့လဲနေလေရဲ့♥♥♥

ကောင်မလေး

အချစ်နဲ့ ဘဝ ရဲ့ခြားနားမှုမှာ

ဘယ်အရာက အစားထိုးကိန်းလဲ

( အိမ်မက်ထဲကဇာတ်ကောင်တောင်

ခေါင်းမထောင်နိုင်ရှာတော့ဘူးလေ ) ♥♥♥

ဆင်ခြင်တုံး တရားရဲ့ စိုးမိုးခြင်းမှာ

နှလုံးသားက ခေါင်းငုံ့ နေခဲ့ရယ်လေ♥♥♥♥

ဒါပေမယ့်

ကိုယ့်ဝေဒနာကိုယ်တော့

သိခဲ့ရတာပေါ့

အမှောင် ဆိုတာ

အလင်းထက် လုံခြုံသတဲ့လား

ဒါဆို♥♥♥လင်းခွင့်မရတော့မယ့်အတူတူ

ရင်ဘတ်တစ်ခုလုံး မှောင်နေလိုက်တော့မယ်လေ♥♥♥

☂ ☂ ☂ ☂ ☂ ☂ ☂ ☂ ☂ ☂ ☂ ☂ ☂ ☂ ☂ ☂ ☂ ☂ ☂ ☂ ☂ ☂ ☂ ☂ ☂ ☂ ☂ ☂ ☂ ☂

ไม่มีความคิดเห็น:

แสดงความคิดเห็น