วันอังคารที่ 13 พฤษภาคม พ.ศ. 2557

အချစ်​နဲ့အမုန်းကဗျာ

☕ အချစ် နဲ့ အမုန်း ကဗျာ
☼  ချစ်သူ
အသင် စွန့်ပစ် ရက် ပေမယ့်
ကျန်ရစ် ခဲ့သူ အတွက်
သူက ချစ်ခင် စွာ ပွေ့ဖက် ထားလိမ့် မယ် ☼
☼ သင့် အတွက်
မျက်ရည် တွေဟာ အဆိပ် ဖြေဆေး မဟုတ် သလို
ကျွန်ူပ် အတွက်
အရိပ် တစ္ဆေ မဖြစ် ခဲ့ဘူး ( ရက်စွဲ နဲ့ လောက ) ☼
☼ မိုး သောက် ယံ နဲ့ ည သန်းခေါင် ယံ
လွန်ဆွဲ ရန် ကြေညာ ချိန်
အိပ်စက် မယ့် ကြယ် က အဖြေ ပေးလိုက် တယ်
မိုးရွာ တာ ဘာကြောင့် လည်း ? ☼
☼ ရာသီ ဥတု က ဖောက်ပြန် ပြန်ပြီ
နေမကောင်း ဖြစ်တဲ့ တောတောင် လည်း
မလုံခြုံ တဲ့ ရင် ခွင် တစ်ခု မှာ
တောကောင် တစ်စု အဖြစ် နဲ့
အလုပ် အကြွေး ပြုစု ခဲ့ပ ☼
☼ ရေးရေး လေး ကျန်ခဲ့ ဦးမယ်
ဖြေးဖြေး လေး ဝေးသွား ဖို့
တဲတဲ လေး အရသာ ကို
ည အိပ်မက် တွေ မက်ရင်း
အရိပ်များ ကို ကျောပေါ် ထမ်းထား ခဲ့ ☼
☼ အဖြူ ရောင် ပြတိုက် ကို ရောက်ခဲ့ ပ
ဘ၀ နဲ့ ရင်း ပြီး အဖြေ ရှာတုန်း
သို့သော် ..
လောက ရဲ့ မေးခွန်း ထဲမှာ …. ( နှစ်မြုပ် )
ဒါ ပညာ ရှိတို့ ၀ါကျ တစ်ခု မဟုတ်ဘူး ☼
☼ ကမ္ဘာ ကြီးလည်း ပြောင်းတော့မယ်
ငါ့ ကျောပေါ် က အမှိုက် တစ်ချို့
မည်းသွား ခဲ့တယ်
အချစ် နဲ့ အမုန်း ကဗျာ ကလည်း
သေမင်း ရင်ခွင် မှာ အိပ်စက် ရမယ် ☼
☘ လွမ်း ☘

ไม่มีความคิดเห็น:

แสดงความคิดเห็น